တဏှာ
ကျနော် ကံမကောင်းစွာ မိန်းမတယောက်ကို တွေ့ဖူးတယ် အဲဒီ မိန်းမက ဆွဲအားပြင်းတယ် အဲဒီ မိန်းမ ဘယ်လိုလဲဆိုရင် လက်ပြတ်နေတဲ့ ဗီးနဗ်စ်ထက် ပြည့်စုံတယ် မြောက်ကျွန်းသူထက် မြို့ဆန်တယ်
ကျနော် ကံမကောင်းစွာ မိန်းမတယောက်ကို တွေ့ဖူးတယ် အဲဒီ မိန်းမက ဆွဲအားပြင်းတယ် အဲဒီ မိန်းမ ဘယ်လိုလဲဆိုရင် လက်ပြတ်နေတဲ့ ဗီးနဗ်စ်ထက် ပြည့်စုံတယ် မြောက်ကျွန်းသူထက် မြို့ဆန်တယ်
“ပညာတတ်မှ ဖြစ်တော့မယ်ဗျာ….” သည်ခေတ်ကြီးမှာ ပြိုင်ဆိုင်ရမှာက အတွေ့အကြုံ။ တရုတ်ပြည် ကန်တုန်မှာ ဘဏ်ကိုဝင်တိုက်သောဓါးပြတွေက “အားလုံးမလှုပ်နဲ့၊ ပိုက်ဆံကအစိုးရဟာ၊ အသက်က မင်းတို့ဟာ။ ” ဟု တရားသဘောဆန်ဆန် အော်ဟစ်လိုက်သည်နှင့် တပြိုင်နက်၊ ဘဏ်ဝန်ထမ်း အားလုံး ငြိမ်သက်စွာ ဝမ်းလျားမှောက်လျက် နေကြကုန်၏။
“သူငယ်ချင်အရက်သောက်မလား” သူငယ်ချင်းကမေးသည်။ “မင်းထီပေါက်လို့လား” ကျွန်တော်ကမေးသည်။ “ဘယ်ပေါက်ပါ့မလဲကွ” “ဒါဖြင့်လဲလုပ်မနေပါနဲ့ကွာ၊ ငါ့မှာလဲ အရက်ဖိုးပိုက်ဆံမရှိဘူး၊မင်းမှာလဲရှိမှာလဲရှိမှာမဟုတ်ဘူး။” “ဘာလို့မရှိရမှာလဲကွ၊ ရှိတာနဲ့သောက်မှပေါ့” “တော်ပါပြီကွာ၊ ငါမလိုက်တော့ပါဘူး၊ မင်းကကော ဘာကြောင့်ဒါလောက်အရက်သောက်ချင်နေရတာလဲ။” “အရှင်းဆုံးပြောရရင် စိတ်ညစ်လို့ပေါ့ကွာ သူငယ်ချင်း၊စိတ်ညစ်နေတာကြာပြီကွာ၊ နေတိုင်းစိတ်ညစ်နေတာ မင်းလဲသိသားပဲ၊ဒီနေ့တော့ ငါအရက်သောက်တော့မယ်။” “မဟုတ်သေးပါဘူးကွာ၊စိတ်ညစ်စရာကတော့ လူတိုင်းမှာရှိတာပေါ့၊စိတ်ညစ်လို့ အရက်သောက်တော့ စိတ်ညစ်စရာတွေထပ်ကြုံရမှာပေါ့၊ စိတ်ညစ်လို့သောက်၊သောက်လို့စိတ်ညစ်၊ ပတ်ချာလည်ပြီး နောက်ဆုံး ကိုယ်ပဲဒုက္ခရောက်မှာပေါ့။ လူ့ဘဝဆိုတာ အခက်အခဲတော့ရှိမှာပဲ၊ အခက်အခဲကို ရင်ဆိုင်ဖြေရှင်းရဲဖို့ လိုတယ်၊ ဒီကနေ့အဆင်မပြေရင်နက်ဖြန် အဆင်ပြေမှာပေါ့ သူငယ်ချင်း၊ အရေးကြီးတာက ကှိယ်ကအားမလျော့ဘဲ ကြိုးစားဖို့ပဲသူငယ်ချင်း၊ အဲဒါမှ တစ်နေ့မှာ အောင်မြင်မှုရမှာပေါ့၊ အခုလောလောဆယ်ဆယ် တောင့်ထားစမ်းပါဦး”
ဒီနှစ် …။ ဆောင်းသည် ပီပီသသ။ အေးတမြမြနှင့် ရောက်ရှိနေခဲ့သည်။ ဆောင်း ပီသနေ ကြောင်းကို နှင်းမှုန်တို့က ကြွားဝါဆင်ယင် ခြယ်မှုန်းပြနေလျက်။ ဟုတ်ပါသည်။ ငြင်းမနေပါနှင့်တော့။ ဆောင်းကို လက်ခံလိုက်ပါလေ …။ ညတွေ … ညတွေမှာ အိပ်မက်ထဲအထိ ဆောင်း၏ အထိအတွေ့ကို ခံစားရသည်။ ခဏ … ခဏ အိပ်ယာမှ နိုးနိုးနေတတ်သည်။ အိပ်ယာက နိုးလာတိုင်း လွယ်လွယ်နှင့် ပြန်အိပ်မပျော်နိုင်တော့။ လွှမ်းခြုံထားသော အအေးဓါတ် အောက်တွင် ခန္ဓာကိုယ်က ကွေးကွေးကလေး ဖြစ်လို့သွားသည်။ တိုင်ပင်မထားဘဲ အတွေး ရေယာဉ်ကြောမှာ နစ်မျောလျက် … ။ ထိုစဉ် ဂန္ဓာရုံ သူမက အစွမ်းပြလို့ လာသည်။ လေပြည်မှတဆင့် … ။ အမည်ဖေါ်ပြ သတ်မှတ်ပြောဆိုရန် ခက်ခဲလှသော ပန်းပွင့် ရနံ့များ …။ မီးဖိုကာ ရေနွေးကြိုသည်။ မီးဖိုဘေးက မခွာချင်တော့။ မွေးထားသည့် ကြောင်ကလေးတွေပါ အနားသို့ ရောက်လာကုန်ကြသည်။ ပွတ်သီးပွတ်သပ်နှင့်။ သူတို့လည်း ချမ်းတတ်သည်ကိုး။ နွေးထွေးမှုကို ငံ့လင့် ခုံမင်ကြသည်ကိုး။ ထွက်ပေါ်လာစ နေမင်းကြီးတောင် ချမ်းချမ်းအေးအေး ရှိနေမလားပဲ။ မင်္ဂလာ နံနက်ခင်းပါ … [...]
(၁) ၂ နှစ်ပင်မပြည့်တတ်သေးတဲ့ ကျနော့် သားက “ကကြီး…ကကြီး ..” နဲ့အော်ဟစ်တောင်းဆို နေသည်။ကျနော် ဘောလ်ပင်ကို ယူပေးလိုက်မှငြိမ်သွားသည်။သူ့အမေ ကဘယ်လိုသင်လို့ သူက ဘယ်လို မှတ်ယူခဲ့လည်း မသိရ။ဘောလ်ပင်ကို “ကကြီး” လို့မှတ်သည်။စာအုပ်ကိုလည်း “ကကြီး” လို့ပဲခေါ်သည်။သူက “ကကြီး..ကကြီး” လို့တောင်းယင် ဘောလ်ပင် ဖြစ်ဖြစ် စာအုပ်ဖြစ်ဖြစ် သို့မဟုတ် ၂ ခုလုံး ယူပေးလိုက်ယင် အိုကေ သွားသည်။ ဝမ်းလျားမှောက်ပြီး ရေးလိုက်ခြစ်လိုက်၊ပါးစပ်ကရွတ်လိုက် နဲ့ ငြိမ်သွားတတ်သည်၊ မအေမိဘ ဆိုတော့လည်း ကြီးလာယင် ငါ့သားလေးက ပညာတတ်ကြီး ဖြစ်မှာ ဆိုပြီး ကျေနပ်နေတတ်တာကိုး။ အရင်က ကျနော် ရေးပြ၊ဆွဲပြတဲ့အရာတွေကို သူကလိုက်မှတ်သည်။ ငါးရုပ်ကို လက်ညိုးထိုးပြီး “ငါး” ၊ဖါးရုပ်ကို “ဖါး” ၊ကြောင်ရုပ် ကိုလက်ညိုးထိုးပြီး “မီးညှောင်”၊ခွေးကို “ဝုတ်ဝုတ်” လိုက်ပြော၊လိုက်ဆိုနေတတ်သလို၊ ကဏန်း၊ ပုစွန်၊ လေယဉ်ပျံ၊ ကား၊ ဆိုင်ကယ်၊စက်ဘီးပုံ တွေလည်း သူက သိနေတတ်ပြန်သည်။ ခေတ်ကလေးတွေ အသိက မြန်လည်း မြန်သည်ဟု ဆိုရပေမည်။ ခုကျတော့ ကျနော်တို့ကို ဘောလ်ပင် ထိုးပေးပြီး သူလိုချင်တဲ့ ပုံကို “မီးညောင် ..ဆွဲ..” ဟုခိုင်းစားတော့သည်။ ဖြစ်ချင်တော့ [...]
အိမ်ပေါက်စေ့ မုန့်ညင်းစေ့ရှာသလို ပြက္ခဒိန်ထဲ သေနတ်တချက်မှပေါက်ဖူးတဲ့နေ့ရက်တရက်ကို အိပ်မက်ရင်းနဲ့လိုက်ရှာ ကြာလာတော့ ကိုယ့်အနာဖေးကိုယ်ထိုင်ခွာနေရတာကိုပဲ အရသာတခုလိုဖြစ်လာ ဒဏ်ရာကင်းမဲ့တဲ့သူရဲကောင်းဆိုတာ လိမ်ညာဖြီးဖြန်းသူပဲဖြစ်လိမ့်မယ်…လို့အဆိုရှိလေရာ မနက်တုံးဆီက ကြော့ဆုံးမှာ နှင်းဆီဟာ ခွာလိပ်လို့ အချစ်ဆုံးရေ စစ်ရှုံးတာလည်း နှစ်သုံးဆယ်မပြည့်သေးပါဘူး နွားရိုင်းသွင်းချိန်လည်းဆုံးပြီ ညီအကိုလုံးလုံးမသိတော့ဘူး….
ချက်အရက်( မောင်ငြိမ်းအေး) မြန်မာ့ရုပ်မြင်သံကြားက သမ္မတတံဆိပ် ပြန်လာကြပါ အရက်ကြော်ငြာ အရက်မကြိုက်ပေမယ့် … တံဆိပ်က နည်းနည်းကောင်းနေတာမို့ အစမ်းသဘော မော့ကြည့်လိုက်ပြီးတဲ့အခါ အိမ်ပြန်ချင်စိတ်တွေကို တဝေါ့ဝေါ့ ထိုးအန်ချလိုက်တော့တယ်။ အန်ဖတ်တွေက မနည်းလှဘူး အဲဒီအန်ဖတ်တွေထဲမှာ ရွှေရောင်တဝင်းဝင်းနဲ့ သပ္ပာယ်စရာ ရွှေတိဂုံဘုရားကြီး ပါတယ်။
ကဗျာက….. ကမ္ဘာကြီးက ကဗျာဆန်တယ် သဘာဝကြီးက အရိုင်းဆန်တယ် ရေမြေတောတောင်တွေက ဒီဇိုင်းဆန်တယ် ခဲယမ်းမီးကျောက်တွေက တစိမ်းဆန်တယ်။ ကျနော့် အတွေးတွေက တောဆန်တယ် မင်းအပြုံးတွေက မဟာဆန်တယ် အိမ်က မိန်းမကတော့ ပုံပြင်ဆန်တယ် လက်ကိုင်ဖုန်းက မိန်းမဆန်တယ်။ ရိုးသားတဲ့တိုင်းရင်းသူလေးကလည်း ဘိုဆန်တယ် ချိုးဖြူငှက်က ဒဏ္ဍာရီဆန်တယ်
“ခေတ်ထဲက အသံပြာ” အမေနဲ့တွေ့ဖို့မလွယ်တဲ့ ခေတ်။ သော့တုတွေနဲ့ ထွင်းထုထားတဲ့ ခေတ်။ တူတွေနဲ့ ဦးလေး ခပ်ဝေးဝေးလေးနေရတဲ့ ခေတ်။ မုဆိုးမကြီးကို ဖိုဝင်နေတဲ့ဇော်ဂျီက ဆင်ကြံ ကြံတဲ့ခေတ်။ မင်းပြစ်မင်းဒဏ်မှာ အမှန်တရားတရွေးသားမှပါမလာတဲ့ ခေတ်။ စတုထ္တမဏ္ဏိုင်ပေါ်မှာ မင်းကြိုက်စိုးကြိုက်တွေ ဖက်ကိုက်နေတဲ့ ခေတ်။ အိမ်နီးနားချင်း မြှောက်ပေးလို့ ညီအကိုချင်း ဓါးနဲ့ပေါ်တင်ပြေးထိုးရတဲ့ ခေတ်။ ပုံမှန်မဟုတ်ခြင်းမှာ ဆွမ်းကွမ်းအတွက် ကျီးကြည့်ကြောင်ကြည့် ကြည့်ရတဲ့ ခေတ်။ လက်သီးကျစ်ကျစ်စုပ်ပြီး သက်ပြင်းရယ် တောက်ခတ်သံရယ် ပြင်းထန်နေရတဲ့ ခေတ်။ ကေတီဗွီ၊ မာဆတ်၊ နိုက်ကလပ်တွေနဲ့ ထုတ်ပြန်ကြေငြာစာတမ်းတွေ ထူအမ်းနေတဲ့ ခေတ်။